Golden Myanmar Apex နှင့် FireEye Inc. တို့ ပူးပေါင်း၍ Cyber Security ဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို Melia Hotel တွင် 2020 ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်က ကျင်းပခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများ၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါသည်။

အခန်းအနားတွင် FireEye Inc. (Asia Pacific) ၏ Chief Technology Officer Mr. Steve Ledzian မှ အဖွင့် အမှာစကားပြောကြားပြီး ယနေ့ခေါတ် အဖွဲ့အစည်းများ ရင်ဆိုင်ကြုံတွေ့နေရသည့် Cyber Security Threat များ၊ ၂၀၂၀ ခုနှစ်အတွက် ပေါ်ပေါက်လာနိုင်သည့် Security ဆိုင်ရာ မှန်းဆချက်များနှင့် Security Operations Centers (SOC) များ၏ လိုအပ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ Cyber Security ဆိုင်ရာ နယ်ပယ်ရပ်ရပ်မှ ပညာရှင်များမှ စကားဝိုင်းဆွေးနွေးပွဲအနေနှင့် Cyber Security နှင့် သက်ဆိုင်သည့် မိမိတို့၏ အမြင်အသီးသီးကို ဆွေးနွေးခဲ့ကြပြီး အနာဂတ်၏ Cyber လုံခြုံရေးအတွက် အသင့်ပြင်ဆင်ထားရမည့် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြပါသည်။

Category
Tags

No responses yet

Leave a Reply

Your email address will not be published. Required fields are marked *